ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်သားနှင့်ရဲ ၂၉ ဦး PDF တပ်ရင်းများထံ ချိတ်ဆက် အလင်းဝင်ရောက်

ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်သားနှင့်ရဲ ၂၉ ဦး PDF တပ်ရင်းများထံ ချိတ်ဆက် အလင်းဝင်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများသို့ ဆက်သွယ်ကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း တပ်သားနှင့် ရဲ (၂၉)ဦး အလင်းဝင်ရောက်ပြီး လက်နက် (၂၄)လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း အလင်းဝင်ရောက်လာသူများထံမှ MA–1 (၁၃)လက်၊ MA-2 (၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ G-3  (၂)လက်၊ MA ကျည်ဘောက် (၂၉)ဘောက် ၊ စနိုက်ဘာ (၁)လက်၊ စက်လက် (၁)လက်၊ ၈၀ မမ (၁)လက်၊ ၆၀ မမ (၁)လက်၊  လက်ပစ်ဗုံး (၁၀) လုံး၊ 7.62 ကျည် (၅၇၄)တောင့်၊ MA ကျည် (၁၀၅၈)တောင့်၊ ပို့ကျည် (၅) တောင့်၊ အီနာဂါဗုံးသီး (၁) လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့် ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်း အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo:Ministry of Defence - National Unity Government of Myanmar