ကျိုက်မရောမြို့နယ် ကဒါကျေးရွာရဲစခန်းနှင့် တောင်ကလေးကျေးရွာရဲစခန်းတို့ကို NMSP-AD ဒရုန်းဖြင့်တိုက်ခိုက်

ကျိုက်မရောမြို့နယ် ကဒါကျေးရွာရဲစခန်းနှင့် တောင်ကလေးကျေးရွာရဲစခန်းတို့ကို NMSP-AD ဒရုန်းဖြင့်တိုက်ခိုက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာရဲစခန်းနှင့် တောင်ကလေးကျေးရွာရဲစခန်းတို့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တပ်က ဒရုန်းဖြင့် တိုက်ခိုက်သည်ဟု ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် NMSP(AD) က ထုတ်ပြန်သည်။

NMSP-AD တပ်၏ ဒရုန်းတပ်ဖွဲ့က ဇန်နဝါရီလ (၁၀)ရက်နေ့တွင် စစ်ကောင်စီတပ်များ နေရာယူထားသော ကဒါကျေးရွာ ရဲစခန်းအတွင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၅)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ 

ထို့အပြင် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်များ နေရာယူထားသော တောင်ကလေးကျေးရွာရဲစခန်း ကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

#TNA_MAT

Photo:NMSP(AD) Info