လောင်းရှည်တွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက် စစ်ကောင်စီတပ်သား နှစ်ဦးကို ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်းရရှိ

လောင်းရှည်တွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက် စစ်ကောင်စီတပ်သား နှစ်ဦးကို ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်းရရှိ

မကွေးတိုင်း ဆောမြို့မရဲစခန်းမှ လောင်းရှည်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၂)ဦးကို အရှင်းဖမ်းမိပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိသည်ဟု ဂန့်ဂေါခရိုင် အမှတ်(၃)တပ်ရင်းက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။ 

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်သား အင်အား(၅၄)ဦးပါ စစ်ကြောင်းသည် လောင်းရှည်မြို့သို့လာရာ လောင်းရှည်တိုက်နယ်အတွင်း ဂန့်ဂေါခရိုင်အမှတ် (၃၊ ၅၊ ၆) တပ်ရင်းများနှင့်အတူ မကွေးတိုင်း Drone တပ်ဖွဲ့၊ မင်းဘူးခရိုင် တိုက်ခိုက်ရေးအဖွဲ့တို့က ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် တိုက်ခိုက်သည်ဟု ဆိုသည်။

ဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီသား တစ်ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းဆီးမိကာ MA-2 စက်ကလေး တစ်လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

တိုက်ခိုက်မှုအပြီး ကစဥ့်ကလျားထွက်ပြေးနေသော စစ်ကောင်စီသားများအား လိုက်လံတိုက်ခိုက်ရာ ဒီဇင်ဘာလ (၃၁)ရက်နေ့၌ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးပြီး တစ်ဦးကို ထပ်မံအရှင်ဖမ်းဆီးရမိသည်ဟု သိရသည်။ 

 

ထပ်မံဖြစ်ပွားသည့် တိုက်ပွဲအတွင်းမှ MA-2 စက်ကလေးတစ်လက်၊ MA-3 တစ်လက်၊ G-3 တစ်လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: ဂန့်ဂေါခရိုင်အမှတ် - ၃ တပ်ရင်း People Defence Force -SAW (ပုံဟောင်း)