စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့နေသည့် နိုင်ငံတကာကုမ္ပဏီများကို အရေးယူရန် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ တောင်းဆို

စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့နေသည့် နိုင်ငံတကာကုမ္ပဏီများကို အရေးယူရန် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ တောင်းဆို

စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့နေသည့် တရုတ်၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် UK ရေကြောင်း အာမခံကုမ္ပဏီများကို နိုင်ငံတကာ အစိုးရများအနေဖြင့် အရေးယူမှုများလုပ်ရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ယနေ့ ၂၀၂၅ခုနှစ် ဇန်ဝါရီလ (၁၀)ရက်နေ့တွင် သုတေသန စာတန်းထုတ်ကာ တောင်းဆိုထားသည်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းပေးနေသော တရုတ်အလံတင်သင်္ဘော HUITONG78၊ ဗီယက်နမ်ကုမ္ပဏီ Hai Linh ၊ တရုတ်နိုင်ငံပိုင်လုပ်ငန်း CNOOC ကော်ပိုရေးရှင်း (စင်္ကာပူ)၊ စင်္ကာပူ အခြေစိုက် Sahara Energy International ကုမ္ပဏီ၊ နိုင်ငံတကာ ကုမ္ပဏီများနှင့် လေယာဉ်ဆီသယ်ယူနိုင်ရန် အာမခံ ဝန်ဆောင်မှုပေးနေသော UK ရေကြောင်း အာမခံကုမ္ပဏီများကိုလည်း ချက်ချင်းပိတ်ဆို့အရေးယူရန် တောင်းဆိုထားသည်။

“စစ်အုပ်စုဆီ လေယာဉ်ဆီတင်ပို့နေတဲ့ နိုင်ငံတကာအစိုးရတွေနဲ့ ကုမ္ပဏီတွေကို ထိရောက်တဲ့ ပိတ်ဆို့မှုတွေနဲ့ စစ်အုပ်စုဆီ လေယာဉ်ဆီမရောက်ဖို့ သေချာစီစစ်ပေးဖို့လိုလာတဲ့အတွက် ဒီစာတမ်းကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”ဟု BMC Research Team Coordinator ဆူဇီ က Tachileik News Agency ကိုပြောသည်။

ထို့အပြင် ဥရောပကုမ္ပဏီ Airbus အနေဖြင့်လည်း တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနှင့်အတူ စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေမှုများကို အမြန်ဆုံး အဆုံးသတ်ရပ်တန့်ပြီး လိုအပ်သောအရေးယူမှုများ ပြုလုပ်ရမည်ဟု ဆိုသည်။ 

စစ်တပ်အာအာဏာသိမ်းပြီးနောက် (၄)နှစ်တာကာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများမှာ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာပြီး စစ်ရှောင်ဦးရေမှာလည်း (၂.၇)သန်းကျော်အထိ တိုးလာသည်ဟု ဆိုသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို ပြည်သူများအတွက် အခြေခံဝန်ဆောင်မှုပေးနေသည့် အဆောက်အဦးများဖြစ်သော ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ ပြည်သူများစုဝေးသည့် ဈေးများ၊ ဘာသာရေးပွဲလမ်းသဘင်များကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်။

“လေကြောင်းရန်ကြောင့် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်တွေ ဆုံးရှုံးရတဲ့အပြင် အသက်ဘေးက လွတ်မြောက်သွားရင်တောင် ရှင်သန်ရပ်တည်ဖို့လိုအပ်တဲ့ အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ အစာရေစာလုံလောက်မှု၊ အသက်မွေးဝမ်းကျောင်းနိုင်မှုနဲ့ အလုပ်အကိုင် တွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်တာတွေရှိတယ်ပေါ့။ ဒါတွေကိုလည်း ဒီစာတမ်းမှာ သေချာဖော်ထုတ် ရေးသားထားပါတယ်။”ဟု ၄င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် လေယာဉ်များကို တစ်ရက်လျှင် နှစ်ကြိမ်မှ (၇)ကြိမ်အထိ ပျံသန်းပြီး မည်သည့်အချိန်တွင်  ဗုံးကြဲချမည်ဆိုသည်ကို မသိနိုင်သဖြင့် တချို့ပြည်သူများမှာ ရှောင်တိမ်းထွက်ပြေးရသည်ဟု ဆိုသည်။

“တချို့ မရှောင်တိမ်းဘူးဆိုတဲ့ ပြည်သူတွေက ခေါင်းပေါ်ဘယ်တော့ ဗုံးသီးကျမလဲဆိုတဲ့စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ကြုံတွေ့ရတယ်။ အဲဒီလို အမြဲတမ်း လေယာဉ်ပျံဝဲလာပြီဆို ရှောင်တိမ်းရ လေကြောင်းက တိုက်ခိုက်ပြီဆို ရှောင်တိမ်းရတဲ့အတွက် ကလေးငယ်နဲ့ လူငယ်တွေအနေနဲ့ ပညာရေးမှာ အဟန့်အတားတွေဖြစ်တယ်။ ကျန်းမာရေး ဝန်ဆောင်မှုတွေ လစ်ဟင်းလာတယ်၊ အသက်မွေးဝမ်းကျောင်းအနေနဲ့ လယ်ယာလုပ်ကိုင်စား သောက်တဲ့သူတွေအတွက် ပိုင်ဆိုင်မှုတွေ စွန့်ခွာထွက်ပြေးရတယ်။ အဲ့လိုအချိန်မှာ ပြည်သူတွေအနေနဲ့ အသက်ဘေးနဲ့ရင်ဆိုင်ရတဲ့အပြင် နေ့စဉ်ရှင်သန်ရပ်တည်ဖို့ ကိစ္စရပ်တွေမှာပါ အဟန့်အတားတွေဖြစ်စေတယ်။ အဲဒါကြောင့် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရပ်ဖို့က အရမ်းအရေးကြီးပါတယ်။”ဟု ဆူဇီက ဆက်ပြောသည်။

အာဏာသိမ်းသည့် (၄)နှစ်အတွင်း မြန်မာပြည်သူများ၊ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများက နည်းလမ်းပေါင်းစုံဖြင့် တောင်းဆိုသော်လည်း တချို့နိုင်ငံကြီးများနှင့် ပြည်ပကုမ္ပဏီများမှာ စစ်အုပ်စုထံ လေယာဉ်ဆီ ဆက်လက်စီးဆင်းနေသည်ကို လစ်လျူရှုထားသည်ဟုလည်း သူကဆိုသည်။ 

“ဒါဟာ စစ်ရာဇဝတ်မှုရဲ့ ကြံရာပါပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေအရ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေက ကောင်းကျိုးမပြုဘဲ ဆိုးကျိုးနဲ့ ဘေးဖြစ်စေမယ့် အရာတွေမှာ မပါဝင်ဖို့ လိုတယ်။ ဒါက အခြေခံမူပဲ၊ ဖြစ်သွားခဲ့ရင်တောင် သူတို့မှာ ဒါကို ကုစားပေးရမယ်၊ ဆိုလိုတာက ဒီလေယာဉ်ဆီတွေကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးရတာကို သူတို့ ထိထိရောက်ရောက် အရေးယူရမယ်။”ဟု ဆူဇီက ပြောသည်။

လက်ရှိအချိန်ထိ နိုင်ငံတကာမှ လေယာဉ်ဆီ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများသည် မြန်မာပြည်တွင်း ကုမ္ပဏီများကိုသာဖြစ်ပြီး ပြည်တွင်းကုမ္ပဏီများကို တင်ပို့ပေးနေသော အဓိကကျသည့် နိုင်ငံတကာကုမ္ပဏီများကိုမူ အရေးမယူသေးဟုလည်း ဆိုသည်။

“မြန်မာပြည်ထဲကို လေယာဉ်ဆီ တင်ပို့နေတာတွေ အားလုံးကို ပိတ်ဆို့တားဆီးနိုင်ဖို့က အရေးယူဒဏ်ခတ်မှုတွေ လုပ်ရမယ်ပေါ့နော်။ အဲ့လို မလုပ်ရင်တော့ ဒါ လူ့အခွင့်ရေး ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါပဲ။ ဒီ ကုမ္ပဏီတွေမှာ လုပ်နိုင်တဲ့အင်အားရှိတယ်ပေါ့နော်။ အဲဒီလို ရှိရက်နဲ့ အမြတ်အစွန်းငွေကိုပဲကြည့်ပြီး မြန်မာပြည်သူတွေအပေါ် ရပ်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီးမပံ့ပိုးဖို့ တိုက်တွန်းပါတယ်။”ဟု ဆူဇီက ပြောသည်။

ပိတ်ဆို့အရေးယူမှုများ၏ စောင့်ကြည့်ရေးယန္တရားနှင့် အရေးယူထိရောက်မှုများ အားနည်းသောကြောင့် စစ်အုပ် စုအနေဖြင့်လည်း နိုင်ငံတကာမှ လေယာဉ်ဆီ၊ လေယာဉ်နှင့် လေယာဉ်အစိတ်အပိုင်းများ၊ နည်းပညာဆိုင်ရာ ပြု ပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ဆက်လက်ရရှိနေဆဲဖြစ်သည်ဟု သိရသည်။

“မြန်မာပြည်ထဲကို လေယာဉ်ဆီ တင်ပို့နေတာတွေ အားလုံးကို ပိတ်ဆို့တားဆီးနိုင်ဖို့က အရေးယူဒဏ်ခတ်မှုတွေ လုပ်ရမယ်ပေါ့နော်။ အဲ့လို မလုပ်ရင်တော့ ဒါ လူ့အခွင့်ရေး ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါပဲ။ ဒီ ကုမ္ပဏီတွေမှာ လုပ်နိုင်တဲ့အင်အားရှိတယ်ပေါ့နော်။ အဲဒီလို ရှိရက်နဲ့ အမြတ်အစွန်းငွေကိုပဲကြည့်ပြီး မြန်မာပြည် သူတွေအပေါ် ရပ်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီးမပံ့ပိုးဖို့ တိုက်တွန်းပါတယ်။”ဟု ဆူဇီက ပြောသည်။

ပိတ်ဆို့အရေးယူမှုများ၏ စောင့်ကြည့်ရေးယန္တရားနှင့် အရေးယူထိရောက်မှုများ အားနည်းသောကြောင့် စစ်အုပ်စုအနေဖြင့်လည်း နိုင်ငံတကာမှ လေယာဉ်ဆီ၊ လေယာဉ်နှင့် လေယာဉ်အစိတ်အပိုင်းများ၊ နည်းပညာဆိုင်ရာ ပြု ပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ဆက်လက်ရရှိနေဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:Internet (ပုံဟောင်း)