ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဇွန်လ(၃)ရက်နေ့မှ ဇွန်လ (၁၃)ရက်နေ့အထိ စစ်ကောင်စီတပ်၏ အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ် အပါအဝင် တပ်မ(၆၆) လက်အောက်ခံတပ်ရင်းများက ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကာလ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ (၁)ဦးအပါအဝင် (၂၇)ဦးသေဆုံးသဖြင့် စစ်ကောင်စီတပ်၏ ဖယ်ခုံ စကခ(၇)နှင့် လက်နက်ကြီး ထိုင်ထားသော(၃၃၆)တပ်တို့မှ (၃)ရက်ဆက်တိုက် လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူကြောင့် MBPDF(၁၀၀၇)တပ်ရင်းမှ ရဲဘော်(၂)ဦး ကျဆုံးခဲ့ပြီး ရဲဘော်အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
တိုက်ပွဲမှ စစ်ကောင်စီတပ်၏ MA-2(၁)လက်၊ MA-3 (၁)လက်နှင့် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု PDF-Pekhon က ယနေ့ဇွန်လ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန် သည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ကို PDF-Pekhon တပ်ရင်းအမှတ် (၁၀၀၂)၊ LKPDF၊ DMO-PDFs(၁၁၀၁၊ ၁၁၀၂၊ ၁၁၀၆၊ ၁၁၀၇)၊ DMO Local-PDFs၊ MBPDF(၁၀၀၇၊ ၁၀၀၉၊ ၁၀၀၈၊ ၁၀၀၅)၊ KRUနှင့် KNDFတို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo : PDF Pekhon
ဖယ်ခုံမြို့နယ်တွင် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်းများရရှိ
Featured News
ဧပြီ 24, 2025
ဧပြီ 23, 2025
ဧပြီ 14, 2025
ဧပြီ 10, 2025