ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ် ဒေသခံနှစ်ဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ် ဒေသခံနှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပစ်ခတ်သည့် လက်နက်ကြီး ရသေ့တောင်မြိုနယ်အတွင်းသို့ ကျရောက်ပေါက်ကွဲကာ ဒေသခံနှစ်ဦး ဒဏ်ရာရသည်ဟု ဒေသထံများထံမှ သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းရွာသို့ ကျရောက်ပေါက်ကွဲကာ ဒေါ် မူမူဦး (၅၀)နှစ် နှင့် ဦးဘတင် (၅၀)နှစ် တို့ ဒဏ်ရာရသည်ဟု ဆိုသည်။ 

စစ်တွေမြို့ ပါဒလိပ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ရသေ့တောင်မြို့နယ်ဘက်သို့ လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ပြီး  ဒေါ်မူမူဦးတွင် ညာဖက်နံရိုးဒဏ်ရာရကာ ဦးဘတင်တွင်  ကျောကုန်းနှင့် ဝဲလက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိသည်ဟု သိရသည်။ 

ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီသည် စစ်တွေမြို့မှနေ၍ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့ကို လက်နက်ကြီးနှင့် အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo: CJ