အာဏာသိမ်းအဖွဲ့က ရွေးကောက်ပွဲ မဲစာရင်းအမှားဆိုသည့် ဝါဒါဖြန့်စာအုပ်များအား ဆရာတော်များ၊ သီလရှင်များကို ဆက်ကပ်မည်

အာဏာသိမ်းအဖွဲ့က ရွေးကောက်ပွဲ မဲစာရင်းအမှားဆိုသည့် ဝါဒါဖြန့်စာအုပ်များအား ဆရာတော်များ၊ သီလရှင်များကို ဆက်ကပ်မည်
ဇန်နဝါရီ 20, 2022 | အခြားဒေသများ

COVID-19 ကာလအတွင်း ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူ့ဆန္ဒမဲများကို မဲစာရင်းမှားသည်ဟုဆိုကာ အာဏာသိမ်းလိုက်သည့် စစ်တပ်က မဲစာရင်းမှားသည်ဟုဝါဒဖြန့်မည့် စာအုပ်များအား ဗုဒ္ဓဘာသာဆရာတော်များ၊ သီလရှင်များသို့ ဖြန့်ဝေ ဆက်ကပ်ရန် စီစဉ်နေသည်ဟု သိရသည်။

စစ်တပ်က ၎င်းတို့ ဘာသာစစ်သည့် မဲစာရင်းအရ ပြီးခဲ့သည့် ရွေးကောက်ပွဲက အသုံးပြုထားသည့် မဲစာရင်းကမှားသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာ တစ်နှစ်ထိန်းသည်ဟုဆိုကာ အာဏာသိမ်းလိုက်ပြီးနောက် ၎င်းတို့ စိတ်တိုင်းကျ ရေးထားသည့် ရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်ဟုဆိုတာ ဝါဒဖြန့် စာအုပ်များ ဖြန့်ရန်ကြိုးစားလာခြင်းဖြစ်သည်။

 

အဆိုပါ စာအုပ်များအား နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ တိုင်းနှင့်ပြည်နယ်သံဃနာယကအဖွဲ့များ၊ မြို့နယ်သံဃနာယကအဖွဲ့များ၊ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဖြန့်ဝေမည်ဖြစ်ကြောင်း သိရသည်။