စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းပေါ်တွင် စစ်ကောင်စီ သံပြားကာကား (၆)စီးပါ ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ချောင်းဦးမြို့နယ် အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းမှ မုံရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ သံပြားကာကား (၆)စီးပါ ယာဉ်တန်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့ ညနေ (၂) နာရီခွဲခန့်တွင် ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာ ရွှေတိုးနိုင်ဆီဆိုင် တောင်ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအား ခင်မွန်ရွာ ရွှေမြင့်မိုရ် ဆေးရုံတွင် ကုသမှုခံယူစေပြီးနောက် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ဆိုသည်။
BLDF တပ်ခွဲ အညာမိုင်းအဖွဲ့သည် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ ချောင်းဦးမြို့အခြေစိုက် တပ်ခွဲတစ်ခုဖြစ်သည်။
#TachileikNewsAgency
#TNA_LE
Photo: BLDF တပ်ခွဲ အညာမိုင်း