ရခိုင်ပြည်နယ် သံတွဲမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့ ညနေပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား တစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် သံတွဲမြို့ အမှတ်(၄)ရပ်ကွက် ညောင်ပင်စျေးနှင့် သမုတ်ချောင်းရွာတို့ကို ဗုံး(၄)ကြိမ် ကြဲချပြီး စက်သေနတ်ဖြင့် (၃)ကြိမ် နာရီ ဝက်ကြာ ပစ်ခတ်တိုက်ခိုက်သွားသည်ဟု သိရသည်။
တိုက်ခိုက်ခံရခြင်းကြောင့် အမှတ် (၄) ညောင်ပင်စျေးရပ်ကွက်မှ ဦးဖိုးကျော် (၄၀)နှစ် သေဆုံးပြီး ဒဏ်ရာရသူများမှာ ညောင်ပင်ဈေးရပ်ကွက်မှ ဒေါ်ခင်ခင်နွယ်၊ ဦးသန်း၀င်း၊ ဒေါ် မလုံးနှင့် သမုတ်ချောင်းရွာမှ ဦးအောင်သိန်းတင်၊ ဒေါ် အေးအေးသန်း၊ ဒေါ်နွယ်နွယ်တို့ ဖြစ်သည်ဟု သိရသည်။
ထို့အပြင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အမှတ် (၄) ရပ်ကွက်ရှိ ဓမ္မာရုံနှင့် နေအိမ်များလည်း ပျက်စီးသွားသည်ဟု သိရသည်။
ဒီဇင်ဘာလ (၁၇)ရက်နေ့နှင့် (၁၉)ရက်ကလည်း သံတွဲမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချသဖြင့် အမျိုးသမီး(၃)ဦးနှင့် အမျိုသားတစ်ဦး တို့ ဒဏ်ရာရရှိခဲ့သေးသည်။
#TachileikNewsAgency
#TNA_MAT
Photo: APM