မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု Kyaikhto Revolution Force (KDF) အဖွဲ့ထံမှ သိရသည်။
ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လယ် (၁)နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Drone Mission ပြုလုပ်ခဲ့ပြီး ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် မုပ္ပလင် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး နေရာတွင် သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ စစ်တောင်းတံတားတွင် လမ်းများပိတ်ခဲ့သဖြင့် သွားလာရေး အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား ကျိုက်ထိုတော်လှန်ရေးအင်အားစု Kyaikhto Revolution Force(KDF)၊ KNLA နှင့် PDF (၇၈၀၆) တပ်ရင်း အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ၊ ပြည်သူလူထုအပေါ် တစုံတရာ ထိခိုက်နစ်နာပျက်စီးစေမည့် ဖောက်ခွဲမှု ၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း မရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု Kyaikhto Revolution Force (KDF) က အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo: Kyaikhto Revolution Force