ငလျင်အသေးများ ဆက်လက်လှုပ်ခတ်နေသဖြင့် မန္တလေးဒေသခံများ လမ်းပေါ်တက်အိပ်နေရ

ငလျင်အသေးများ ဆက်လက်လှုပ်ခတ်နေသဖြင့် မန္တလေးဒေသခံများ လမ်းပေါ်တက်အိပ်နေရ

မန္တလေးမြို့တွင် ငလျင်အသေးများ ဆက်လက်လှုပ်ခတ်နေသဖြင့် ဒေသခံများ နေအိမ်အတွင်း မအိပ်ရဲခြင်းကြောင့် လမ်းပေါ်တက်အိပ်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

(၇.၇) အင်အားရှိ ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် မန္တလေးမြို့တွင် အဆောက်အဦးများပြိုကျပြီး လူထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် ညပိုင်းအထိ ငလျင်အသေးများ ဆက်တိုက်လှုပ်ခတ်နေခြင်းကြောင့် ဒေသခံများမှာ နေအိမ်အတွင်း မအိပ်ရဲဘဲ လမ်းပေါ်တက်အိပ်နေကြရသည်ဟု သိရသည်။

“လက်ရှိကတော့ အိမ်ထဲမှာ မအိပ်ရဲဘူး။ အသေးစား ငလျင်တွေကလည်း ဆက်တိုက်လှုပ်နေတုန်းပဲ။ ကယ်ဆယ်ရေးကတော့ သိပ်ပြီးမတွေ့ရဘူး။”ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြော သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ယနေ့ညပိုင်းမိန့်ခွန်းတွင် (၁၄၄) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၇၃၂) ဦး ဒဏ်ရာရရှိသည်ဟု ပြောဆိုသည်။

သို့သော်လည်း မြေပြင်အခြေအနေတွင် ကူညီကယ်ဆယ်ရေးနှင့် ကုသမှုအပိုင်းတွင် လိုအပ်ချက်များစွာရှိနေပြီး  စစ်ခေါင်းဆောင်ပြောဆိုသည်ထက် ထိခိုက်သေဆုံးသူ ပိုများနေနိုင်သည်။

#TachileikNewsAgency