ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အရက္ခတပ်တော်(AA)က အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု AA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့ နေ့လယ်(၁၂)နာရီတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကိုလည်း ဖမ်းဆီးရမိသည်ဟု ဦးခိုင်သုခက ရခိုင်သတင်းဌာနများကို ဖြေဆိုသည်။
ထို့အပြင် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံချေမှုန်းဖမ်းဆီးနေသည်ဟုလည်း ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Tachileik News Agency အနေဖြင့် ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အတွင်းမှ စစ်ကောင်စီတပ်သား ရာနှင့်ချီပြီး လက်နက်ချအညံ့ခံခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့က ခုခံနေကြခြင်းဖြစ်သည်။
အာရက္ခတပ်တော်သည် ဂွမြို့ရှိ စစ်ကောင်စီတပ်တစ်ခုကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထွင်ပေါ်နေပြီး ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ရန် ကျောက်ဖြူ။ မာန်အောင်နှင့် စစ်တွေမြို့တို့သာ ကျန်တော့သည်။
#TachileikNewsAgency
Photo:AA ထံ အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီ နပခ မှ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)