ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရန်အတွက်  တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်ရန် နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက်က ဆန္ဒရှိ

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရန်အတွက်  တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်ရန် နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက်က ဆန္ဒရှိ
ဒီဇင်ဘာ 31, 2021 | အခြားဒေသများ

ဖိနှိပ်ညှင်းပန်းခံ‌နေရသည့် ပြည်သူများနှင့် တသားတည်းရပ်တည်ကာ လူမျိုးဘာသာများအကြား ခွဲခြားဆက်ဆံမှုမရှိပဲ လွတ်လပ်ပြီး တရားမျှတသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို အတူတကွတည်ဆောက်ရန် လက်တွဲမည်ဟု နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက်က ယနေ့ ဒီဇင်ဘာလ(၃၁)ရက်တွင် ၂၀၂၂ နှစ်ကူးသဝဏ်လွှာထုတ်ပြန်သည်။

နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက်အနေဖြင့် ဖိနှိပ်ညှင်းပန်းခံနေရသည့် ပြည်သူများနှင့်အတူ တသားတည်းရပ်တည်ကာ  လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတိုကို အခြေခံပြီး စုံလင်ကွဲပြားသော လူမျိုးဘာသာများအကြား ခွဲခြားဆက်ဆံမှုမရှိပဲ လွတ်လပ်၍ တရားမျှတသော အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အတူတကွတည်ဆောက်ရန်အတွက် ရည်ရွယ်ချက်တူသော တော်လှန်ရေးအင်အားစုများနှင့်လက်တွဲဆောင်ရွက်ရန် အလေးအနက်ဆန္ဒရှိကြောင်း ထုတ်ပြန်သည်။

ဒါ့အပြင် တော်လှန်သောနှစ်သစ် ၂၀၂၂ ခုနှစ်တွင် စစ်အာဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ရရာလက်နက်၊ ရရာနည်းလမ်းမျိုးစုံနှင့် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြသော ပြည်သူများနှင့် အလွှာပေါင်းစုံမှ တော်လှန်ရေးတပ်သားအားလုံး လုံခြုံဘေးကင်းပါစေကြောင်းနှင့် မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လည်လွတ်မြောက်စေရန်လည်းဆုတောင်းထားသည်။

#TachileikNewsAgency