ကျောက်ဂူဒေသတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာနေ အရပ်သားတစ်ဦး သေဆုံးခဲ့ရ

ကျောက်ဂူဒေသတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာနေ အရပ်သားတစ်ဦး သေဆုံးခဲ့ရ

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ရပ်စောက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာသားတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင်း အမှတ်(၃၄၉)အမြောက်တပ်ရင်းအနီးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး ဒီဇင်ဘာလ(၁၈)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က စစ်ကောင်စီတပ်မှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထမင်းပေါင်းကျေးရွာမှ ကျေးရွာသားတစ်ဦး သေဆုံးခဲ့ရကြောင်း DPLA ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ကျောက်ဂူဒေသတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် Drone ဖြင့်လည်း ဗုံးကြဲချပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေသို ဒီဇင်ဘာလ(၁၀)ရက်နေ့ကလည်း ကျောက်မီးခတ် ကျေးရွာဘုန်းကြီးကျောင်းကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်းလည်း သိရသည်။