တာချီလိတ်မြို့တွင် စစ်ဗျူဟာမှူးအဖြစ် တာဝန်ကျခဲ့သည့် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကွဲရေးမှူး အဖြစ် ခန့်အပ်

တာချီလိတ်မြို့တွင် စစ်ဗျူဟာမှူးအဖြစ် တာဝန်ကျခဲ့သည့် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကွဲရေးမှူး အဖြစ် ခန့်အပ်

 အာဏာသိမ်း စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ခြင်းကြောင့် လစ်လပ်နေသည့် တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နေရာကို တာချီလိတ်မြို့တွင် စစ်ဗျူဟာမှူးအဖြစ် တာဝန်ကျခဲ့ဖူးပြီး ယခုအခါ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသည့် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ခန့်အပ်လိုက်ကြောင်း သိရသည်။

တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နေရာတွင် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှာ ကာကွယ်ရေးဝန်ကြီး အဖြစ် ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ခန့်အပ်လိုက်ခြင်းကြောင့် ၎င်း၏ နေရာလစ်လပ်သွားရာမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို အစားထိုးကာ ပြောင်းလဲ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းကို နေရာကနေ ဖယ်ရှားလိုက်ပြီး  ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား ကာကွယ်ရေးဝန်ကြီးအဖြစ် စစ်ကောင်စီက ပြောင်းလဲ ခန့်ထားလိုက်ခြင်းလည်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် ယနေ့ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင်  ဗိုလ်ချုပ်ကြီး တင်အောင်စန်းအား ကာကွယ်ရေးဝန်ကြီး နေရာကနေ  ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီးအဖြစ် လည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကာကွယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း၊ လစ်လပ်သွားသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နေရာကို ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား လည်းကောင်း ပြောင်းလဲ ခန့်ထားမှုများ ပြုလုပ်ခြင်း ဖြစ်သည်။ 

တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နေရာတွင် ခန့်အပ်ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် တာချီလိတ်မြို့တွင် ၂၀၁၃ခုနှစ်က တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူးတာဝန်ကို ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ကျခဲ့သူ ဖြစ်သည်။