အာရက္ခတပ်တော်(AA) သိမ်းထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့ နေ့လယ် (၁)နာရီတွင် လေကြောင်းမှ ဗုံး(၂)လုံးကြဲချရာ ဒေသခံတစ်ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် သံတွဲမြို့ပေါ်ရှိ အမှတ်(၇)ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး ဗုံးကြောင့် အသက်(၆၅)နှစ်အရွယ် ဒေါ် ခင်မေရီ၏ မျက်လုံး ဗုံးစထိမှန် ဒဏ်ရာရသည်ဟု သိရသည်။
“မြို့ပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ တစ်ဦးဒဏ်ရာရတယ်။”ဟု သံတွဲမြို့ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ်(၇)ရပ်ကွက်ရှိ နေအိမ်(၄)လုံးထက်မနည်း ပျက်စီးသည်ဟုလည်း ဆိုသည်။
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ မြို့ပေါင်း(၁၂)မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ပြီး အမ်းနှင့် ဂွမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်နေကာ ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တွင် တိုက်ပွဲဖော်ဆောင်ခြင်းမရှိသေးပါ။
#TachileikNewsAgency
Photo:CJ