ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ခလရ (၁၆) စစ်တပ်ဝန်းထိပ်ရှိ ကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်ကြောင်း God’s Hand Forces (GHF) မြို့ပြပြောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။
အင်းစိန်မြို့နယ် ကြို့ကုန်းဘူတာအနီး ခလရ (၁၆)စစ်တပ်ဝန်းထိပ်ရှိ ကင်းဂိတ်အား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ ည (၈)နာရီ (၄၅) မိနစ်တွင် မြို့ပြပြောက်ကြားတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နောက်ဆက်တွဲ မသိရသေးပါဘူး ၊ အနီးဆုံးမှာ ယူနီဖောင်းဝတ် နှစ်ယောက်တော့ရှိတယ်။ မသေချာသေးလို့ နောက်ဆက်တွဲ မထုတ်ပြန်တာပါ။”ဟု God’s Hand Forces (GHF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။=
အဆိုပါ တပ်သည် မြန်မာနိုင်ငံတွင် ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နှင့် တောင်ကြီးမြို့များတွင် အခြေစိုက်ထားပြီး တပ်ရင်းလေးရင်းသာရှိသည့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်ကိုင်တုတ် အကြမ်းဖက်နှိမ်နှင်းရေးတပ်တစ်ခုဖြစ်ကာ ၊ စစ်ခေါင်းဆောင်၏ လုံခြုံရေးကို ၎င်းတပ်မှ လူများသာ လက်ရှိအချိန်အထိ အနီးကပ် ကာကွယ်ပေးနေသည်ဟု ဆိုသည်။
ယခုတိုက်ခိုက်မှုသည် “M 043 စစ်ဆင်ရေး” ၏ တစိတ်တစ်ဒေသအဖြစ် (၉)ကြိမ်မြောက် ဖော်ဆောင်မှုဖြစ်ကာ ၊ အများပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပက်သက်သည့် ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ အထိုင်ကင်းများ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြရန် God’s Hand Forces (GHF) အဖွဲ့က အသိပေးထားသည်။
#TachileikNewsAgency
Photo: ရန်ကုန်တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ(ပုံဟောင်း)