တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအား မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Freeland Attack Froce ထံမှ သိရသည်။

တာမွေမြို့နယ် ဗညားဒလလမ်းနှင့် ကျိုက္ကဆံလမ်းထောင့်ရှိ  စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ ည (၇)နာရီခန့်တွင် မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့မှ လက်ပစ်ဗုံး အသုံးပြု၍ စည်ပင်ရုံးဝန်းထဲသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခတ်ချိန်တွင် ရုံးဝန်းအတွင်း၌ စည်ပင်ဝန်ထမ်း (၃)ဦးရှိနေပြီး အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝန်ထမ်း (၂)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု စုံစမ်းသိရှိရကြောင်း Freeland Attack Froce က ဆိုသည်။

တာမွေစည်ပင်ဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဈေးသည်များအား အတင်းအဓမ္မ ပိုက်ဆံကောက်ခံခြင်း ၊ အာဏာအသုံးပြု၍ ဖိနှိပ်ခြင်းနှင့် စစ်ကောင်စီတပ်မှ ဧည့်စာရင်းကောက်ယူရာတွင် ထွေအုပ်နှင့် ပူးပေါင်းပြီး လုံခြုံရေးယူပေးခြင်းတို့ကြောင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Freeland Attack Force–FLA နှင့် Anonymoyus Fighters Force-AFF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Freeland Attack Force – FLA နှင့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ (၂၃)ရက်နေ့ကလည်း တာမွေမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန၊ EPC ဝန်းအတွင်းရှိ စစ်တပ်လုံခြုံရေး နှစ်ထပ်ဘန်ကာအား ဗုံးအသုံးပြု၍ နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency