တောင်သာမြို့နယ်အတွင်း ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိ

တောင်သာမြို့နယ်အတွင်း ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဇဂျမ်းကျေးရွာတောင်ဘက်အနီးတွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံမှ သိရသည်။

၂၀၂၄ ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့တွင် တောင်သာမြို့နယ် နတ်စောင့်ကျေးရွာတွင် တပ်စွဲခဲ့သည့် စစ်ကောင်စီဂိတ်စခန်းအား တော်လှန်ရေးအင်အားစုများမှ မီးရှို့ပြီး အပြန်တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီး ၊ တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ၎င်းတို့ ပြုတ်ကျကျန်ခဲ့သည့် ခဲယမ်းတချို့နှင့် ငွေသား (၅) သောင်းကျပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မြင်းခြံခရိုင် အမှတ် (၃)တပ်ရင်းနှင့် ညီနောင်မဟာမိတ်များအတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Myingyan District Army-3_MDA-3_Taungtha Youth