မြင်းမူမြို့အဝင်တိုးဂိတ်အနီးတွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်

မြင်းမူမြို့အဝင်တိုးဂိတ်အနီးတွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့အဝင်တိုးဂိတ်အနီးတွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်သားများအား ၎င်းတို့ အထိုင်စခန်းချရန် ပြင်ဆင်နေကြစဉ် ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း မြင်းမူမြို့နယ်အခြေစိုက် Dog Killers People’s Defense Force အဖွဲ့ထံမှ သိရသည်။

မြင်းမူမြို့အဝင်တိုးဂိတ်အနီး ရွှေတောင်ဆီဆိုင်တွင် အထိုင်စခန်းပြုလုပ်ရန် ကားသုံးစီးဖြင့် လာရောက်၍ ကျင်းတူးခြင်း ၊ ထရံကာခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သားများကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲကျော်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Drone ဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုသည် ထိရောက်မှုရှိပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေကြောင်း Dog Killers People’s Defense Force အဖွဲ့က ဆိုပါသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မြင်းမူမြို့နယ် အခြေစိုက် Dog killers peoples Defence force Myinmu (Dk pdf MMU)၊ မြင်းမူမြို့နယ် ပ.က.ဖ၊ U.S.A.R.Pdf နှင့် Black Eagle Defence Force (M.M.U) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Dog killers peoples Defence force Myinmu