စစ်ကိုင်းတိုင်း ရေဦးမြို့ထွေအုပ်ရုံးအတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့က ပျူစောထီးသင်တန်းဆင်းပွဲပြုလုပ်နေစဉ် တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းထံမှ သိရသည်။
ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း(ရေဦးPDF)နှင့် ရေဦးမြို့နယ် ပကဖ တို့ပူးပေါင်း၍ Fixed-Wing Drone များဖြင့် ဗုံးသီး(၉)လုံး ကြဲချတိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုတွင် ဒုနယ်ထိန်း ရဲတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၄)ဦး ဗုံးသီးအစထိမှန်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက Drone များအား လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခြင်း၊ ရေဦးမြို့အတွင်းမှ လက်နက်ကြီးဖြင့် အနီးအနားဝန်းကျင်အား ပစ်ခတ်ခြင်းများပြုလုပ်သည်ဟု ဆိုသည်။
#TachileikNewsAgency
Video : YEU PDF