တောင်သာမြို့ ရုံးစဉ်ကြီးတိုက်နယ်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များ အနီးကပ်ဝင်ရောက် တိုက်ခိုက်

တောင်သာမြို့ ရုံးစဉ်ကြီးတိုက်နယ်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များ အနီးကပ်ဝင်ရောက် တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရုံးစဉ်ကြီးတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA–PDF) အဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်သာမြို့နယ် တောင်သာ-မိတ္ထီလာလမ်းပေါ်ရှိ ရုံးစဉ်ကြီးတိုက်နယ်ရဲစခန်းကို နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက် (၅) နာရီတွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး ၊ လက်နက်ငယ်များ အပါအဝင် ဒရုန်းများဖြင့် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စခန်းသိမ်းပိုက်နိုင်ခြင်းမရှိသော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ရဲတပ်သား (၂)ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုအား မြင်းခြံခရိုင် အထူးစစ်ဆင်ရေး အဖြစ် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA – PDF) ၊ Myingyan Disctric Drone Strike၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာ ပကဖ၊ စဉ့်ကိုင် ပကဖ၊ ကျောက်ပန်းတောင်း ပကဖ၊ တောင်သာ ပလဖနှင့် ညောင်ဦးခရိုင် တပ်ရင်း (၁) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: TTA-People Defense Force (ပုံဟောင်း)