မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းသို့ တပ်ချိန်းရန်ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို PDF ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းသို့ တပ်ချိန်းရန်ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို PDF ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုကျေးရွာမှ ညောင်ဖြူပင်ရဲစခန်းသို့ တပ်ချိန်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးအဖွဲ့မှ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း  သိရသည်။

ညောင်ဖြူပင်ရဲစခန်းသို့ တပ်ချိန်းရန်ထွက်လာသည့် ပျူစောထီးနှင့် စစ်သား အင်အား (၄၀) ခန့်အား ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးအဖွဲ့က (၄)လုံး ပဒေသာပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးထက်မနည်း နေရာတွင် သေဆုံးပြီး (၇)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးအဖွဲ့က ဆိုသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများအား ယနေ့ နံနက် (၉)နာရီ (၄၅)မိနစ်တွင် တောပုကျေးရွာမှ ကားဖြင့်တင်ကာ မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ စွမ်းရည်ထက် စစ်ကောင်စီအထိုင်စခန်းသို့ ပို့ဆောင်ပြီး ထိုမှတဆင့် မုံရွာမြို့ပေါ်သို့ အိမ်စီးကား (၅) စီးဖြင့် ဆက်လက်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency