မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့ အနောက်ဘက်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃) မှ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တောင်သာမြို့ အနောက်ဘက်ရှိ ကျေးရွာများအား စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နိုဝင်ဘာလ (၁၀) ရက်နေ့တွင် တောင်သာမြို့ရှိ စွပ်ကျယ်စက်ရုံ၌ အဆိုပါ စစ်ကြောင်းနှစ်ခုဆုံချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ တစ်လုံးနှင့် ၄၀ မမ (၂)လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အား ဆက်လက်စုံစမ်းနေပြီး အတိအကျသိရလျှင် ပြန်လည်ဖော်ပြသွားမည်ကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃)က ဆိုသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းနှင့် ညီနောင်မဟာမိတ်များအတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မြင်းခြံခရိုင်တပ်ရင်း အမှတ်-၃ (ပုံဟောင်း)