စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသည့် တပ်သား ၂ ဦး လက်နက်များနှင့်အတူ PDF ထံ အလင်းဝင်

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသည့် တပ်သား ၂ ဦး လက်နက်များနှင့်အတူ PDF ထံ အလင်းဝင်

မကွေးတိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသည့် တပ်သား (၂)ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်ကြောင်း မကွေးအရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်တော် ကြိုးကြာနီတပ်ရင်း တပ်ရင်း (၇)မှ ယနေ့  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသည့် တပ်သား ရွှေဘို (အမည်လွှဲ)နှင့် တပ်သား နက်မောက် (အမည်လွှဲ) တို့သည် MA-11 သေနတ် (2) လက် ၊ ကျည်ဘောက် (၆) ဘောက် ၊ 5.56 ကျည် (၂၀၀)ဝန်းကျင်ခန့် ၊ လက်ပစ်ဗုံး (၁)လုံး နှင့် 14 နင်းမိုင်း (၁) လုံး တို့နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပူးပေါင်း အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သည့် အဓမ္မစစ်မှုထမ်းစုဆောင်းခံ တပ်သား (၂)ဦးကို ပြည်သူ့သားကောင်းများအဖြစ် အသိအမှတ်ပြု ဂုဏ်ယူသလို လက်ရှိအချိန်၌လည်း လုံခြုံသည့်နေရာသို့ ပို့ဆောင်ကာ တာဝန်ယူ စောင့်ရှောက်ထားကြောင်း မကွေးအရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်တော်က ဆိုသည်။

ဆက်လက်ပြီး ဂုဏ်ပြုဆုငွေပေးအပ်ခြင်းနှင့် ၎င်းတို့တွေ့ကြုံခဲ့ရသော အဖြစ်အပျက်နှင့် ခံစားချက်များကို မေးမြန်းပြီး ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ကြောင်း မကွေးအရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်တော် ကြိုးကြာနီတပ်ရင်း တပ်ရင်း (၇) က အသိပေးထားသည်။

#TachileikNewsAgency

Photo: ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်း