ခေါပုတ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်ရာ ၁၄ ဦးသေပြီး ဗိုလ်ကြီးများအပါ ၁၇ ဦးကို ဖမ်းမိ

ကရင်ပြည်နယ် ဖာပွန်ခရိုင် ခေါပုတ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း(၁၄)လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး(၃)ဦးအပါအဝင် စစ်သုံ့ပန်း (၁၇)ဦး တို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရရှိကြောင်း BPLA ထံမှ သိရသည်။ 

အဆိုပါတိုက်ပွဲတွင် BPLA ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ခေါပုတ်စခန်းအား အောက်တိုဘာလ (၂၆)ရက်နေ့မှ စတင်တက်ခိုက်ရာ အောက်တိုဘာလ (၃၀)ရက်နေ့တွင် အပြီးရှင်းလင်နိုင်ခဲ့ပြီး စခန်းအတွင်းမှ စစ်ကောင်စီတပ်သား(၁၀)ဦး အလောင်းတွေ့ကာ (၆)ဦးကို အရှင်ဖမ်းမိသည့်အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

#TachileikNewsAgency

Video:BPLA