စစ်ကိုင်းတိုင်း မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ စစ်ကောင်စီတပ်သားများ တင်ဆောင်၍ ထွက်လာသည့် သံပြားကာ ကားတစီးအား မုံရွာ-မန္တလေး လမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ စစ်ကောင်စီတပ်သားများ တင်ဆောင်၍ ထွက်လာသည့် သံပြားကာ ကားတစီးအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ အလ္လကပကျေးရွာအနီး မုံရွာ-မန္တလေးလမ်းပိုင်း တနေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရပြီး ၎င်းတို့အား ချောင်းဦးမြို့ ဆေးရုံသို့ ခေါ်ဆောင်ကာ ဆေးကုသမှုခံယူနေသည်ဟု မျက်မြင်ပြည်သူတဦးထံမှ သိရှိရကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား BLDF တပ်ခွဲ အညာမိုင်း ၊ ဇာမဏီပြောက်ကျား နှင့် ဒေါင်းဘုရင်အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: BLDF တပ်ခွဲ အညာမိုင်းအဖွဲ့