တောင်သာမြို့နယ် တလိုင်းရပ် ပျုစောထီးအထိုင်စခန်းအား PLA တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

တောင်သာမြို့နယ် တလိုင်းရပ် ပျုစောထီးအထိုင်စခန်းအား PLA တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် တလိုင်းရပ် (ရွာသစ်) ပျုစောထီးအထိုင်စခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ ၂၀၂၄ ခုနှစ်  (၂) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တောင်သာမြို့နယ် တလိုင်းရပ် (ရွာသစ်) ပျုစောထီးအထိုင်စခန်းအား နိုဝင်ဘာလ (၁)ရက်နေ့ မနက် (၃)နာရီခွဲတွင် PLA မှ စတင်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး မနက် (၄)နာရီတွင် ပျူစောထီးများသည် စခန်းအားစွန့်ခွာ ထွက်ပြေးခဲ့ကြ၍ ပျူစောထီးစခန်းအား အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကာဘိုင် (၁)လက်၊ ရှော့ဂန်း (၁)လက်၊ 7.62ကျည် (၁၉၅)တောင့်၊ ကာဘိုင်ကျည် (၆၅)တောင့်၊ ရှော့ဂန်းကျည် (၃၇)တောင့် ၊MG-1 လက်ပစ်ဗုံး တစ်လုံး၊ ကျည်ကာ Equiment တစ်ထည် ၊ စစ်ကောင်စီ စစ်ယူနီဖောင်းများနှင့် ငွေ တစ်သိန်းငါးထောင်ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက် သိမ်းပိုက်မှုအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA အမှတ် (၈၁၅) တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA