ဆောမြို့နယ် ကံချောင်းကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သား ၄ ဦးဒဏ်ရာရ

ဆောမြို့နယ် ကံချောင်းကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သား ၄ ဦးဒဏ်ရာရ

မကွေးတိုင်း ဆောမြို့နယ် ကံချောင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် လေကြောင်းမှ ပေါင်(၂၅၀)ဗုံး နှစ်လုံးကြဲချရာ ဒေသခံများထိခိုက်ဒဏ်ရာရကြောင်း ယောအလင်းတန်းထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်လေယာဉ်တစ်စီးဖြင့် ကံချောင်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ရာ ဦးသာအေး (၇၂)နှစ်၊ ဦးကျော်မြင့် (၅၀)နှစ်၊ ဦးအောင်မင်းထွန်း (၄၂)နှစ်နှင့် မယွန်း၀တီ (၁၁)နှစ်တို့ ဒဏ်ရာများရရှိခဲ့ကာ နေအိမ် (၅)လုံး ပျက်စီးသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ယောနယ်ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာနေပြည်သူများ လေကြောင်းအန္တရာယ် အမြဲဂရုစိုက်ကြရန်နှင့် နေထိုင်ရာအနီးအနား၀န်းကျင်တွင် ဗုံးခိုကျင်းများပြုလုပ်ထားကြရန်လည်း အသိပေးထားသည်။

#TachileikNewsAgency

Photo: ယောအလင်းတန်း