အမ်းမြို့နယ်သို့ ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက် ထွက်ပြေးစစ်ကောင်စီကား ချောက်ထဲထိုးကျ

အမ်းမြို့နယ်သို့ ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက် ထွက်ပြေးစစ်ကောင်စီကား ချောက်ထဲထိုးကျ

ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ငဖဲမြိုနယ် အမ်း-ပဒါန်လမ်း၌ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)ထံမှ သိရသည်။

တိုက်ပွဲများပြင်းထန်နေသည့် အမ်းမြို့ရှိ စစ်ကောင်စီတပ်ကို ငဖဲမြို့နယ် ပဒါန်းရွာဘက်မှ ရိက္ခာပို့ပြီး ပြန်လာသော အင်အား(၄၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ကား (၂)စီးနှင့် ဆိုင်ကယ် (၂)စီးအား တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ခိုက်မှုမှာ နှစ်ဦးနှစ်ဖက် ထိခိုက်မှုရှိပါတယ်။ အပြန်အလှန်ပစ်ကြတာပါ။ ကားတစ်စီးက အပစ်ခံရမှာစိုးလို အရှိန်နဲ့မောင်းပြေးရင်း ချောက်ထဲကျမှောက်တာ။ တိုက်ခိုက်တာက တစ်နေရာ၊ မှောက်တာကတစ်နေရာပါ။ သေဆုံးအလောင်းတွေကို ညဘက်မှာ လာသယ်ယူတယ်။”ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းရခနီလေဗွေက Tachileik News Agency ကိုပြောသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခြင်းကြောင့် မောင်းပြေးသည့် အင်အား(၁၈)ဦးပါ စစ်ကောင်စီကားသည် စွန်တဲနှင့် လင်းတဲကြားတွင် ချောက်ထဲကျကာ တိမ်းမှောက်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ACDF၊ မင်းဘူခရိုင် အမှတ်(၂)တပ်ရင်းတို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်သည် မကွေးတိုင်း မင်းဘူးခရိုင်မှ သွားလာနိုင်သဖြင့် စစ်ကောင်စီတပ်သည် အဆိုပါလမ်းကြောင်းကိုအသုံးပြုကာ အမ်းမြို့နယ်သို့ ရက္ခာပို့ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Asho Chin Defence Force - ACDF