ရွာငံတွင် ပေ ၃၅၀ အနက်ရှိ ချောက်အတွင်း ဘုရားဖူးယာဥ်တိမ်းမှောက်မှု ၇ ဦးသေကာ အများအပြားဒဏ်ရာရ

ရွာငံတွင် ပေ ၃၅၀ အနက်ရှိ ချောက်အတွင်း ဘုရားဖူးယာဥ်တိမ်းမှောက်မှု ၇ ဦးသေကာ အများအပြားဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံ-ဟံမြင့်မိုရ်လမ်းပိုင်း၌ ပေ(၃၅၀)အနက်ရှိ ချောင်အတွင်းသို့ ဘုရားဖူးယာဥ်တစ်စီး ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် တိမ်းမှောက်မှုဖြစ်စဥ်တွင် (၇)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်း ထံမှ သိရသည်။ 

ဒေသအခေါ် စခန်းကြီးအတက်အနီး ဟဲဟိုးတွင် ကထိန်ခင်းကာ မန္တလေးမြို့သို့ ဘုရားဖူးရန်လာသော ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus တစ်စီးသည် အမြင့်ပေ (၃၅၀)ခန့်အနက် ချောက်အောက်သို့ ထိုးကျသွားကြောင်း သိရသည်။ 

ဖြစ်စဥ်တွင် ယာဥ်ပေါ်ပါ (၂၈)ဦးအနက် မစိုးရိမ်ရ ထိခိုက်လူနာ (၁၀)ဦ၊ စိုးရိမ်ရလူနာ (၇)ဦး သေဆုံးသူ (၇)ဦးရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင် ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ