စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၇၉ ဦးအထိရှိ

စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၇၉ ဦးအထိရှိ

မြန်မာပြည်တဝှမ်း အကြမ်းဖက်စစ်အုပ်စု၏ စက်တင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၃၇)မှုရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် ဖော်ပြသည်။

 

စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံး ဖြစ်ခဲ့ပြီး (၁၀၁)မှုအထိပင်ရှိခဲ့ကာ ရှမ်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု (၃၇)ကြိမ်အထိ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၃၃၇)လုံး၊ စာသင်ကျောင်း (၁၀)ကျောင်း၊ ဘာသာရေးအဆောက်အဦး (၂၃)ခုနှင့် ဆေးရုံတစ်ခု ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား (၂၃၃)ဦး၊ ဒဏ်ရာရသူ (၄၄၇)ဦးရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တိုင်းနှင့် ပြည်နယ်အများအတွင်း စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (၁၆)မှုရှိခဲ့ပြီး သေဆုံးသူ(၁၇၉)ဦးအထိ ရှိသည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Photo: Ministry of Human Rights