ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား

ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း သာယာဝတီခရိုင် တပ်ရင်းအမှတ် (၃၈၀၂) တပ်ခွဲ (၆) BlackDragon (GBK PDF) မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းကျေးရွာဘက်မှ အင်အား (၁၀၀)ခန့်ဖြင့် တက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်တွင် ဥယျာဉ်ကြီးကျေးရွာထိပ်၌ တော်လှန်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး နေရာတွင် သေဆုံးပြီး ဒဏ်ရာရရှိသူများဖြင့် ဖရိုဖရဲဖြစ်နေချိန် (၄၀)မမ ဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး ထပ်မံသေဆုံးကြောင်း BlackDragon (GBK PDF) အဖွဲ့က ဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် (၁) နာရီခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းထန်စွာတိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန် BlackDragon (GBK PDF) အဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်းအမှတ် (၃၈၀၂) တပ်ခွဲ (၆) BlackDragon GBK PDF (ပုံဟောင်း)