ရေစကြိုမြို့နယ် မင်းရွာရှိ ပျူစောထီးများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ရေစကြိုမြို့နယ် မင်းရွာရှိ ပျူစောထီးများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ မင်းရွာရှိ ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Myingyan Black Tiger (MBT) အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ် မင်းရွာရှိ ပျူစောထီးများအား အောက်တိုဘာလ (၂၄) ရက်နေ့ နံနက် (၈)နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဗုံးသီး  (၁၀) လုံးနှင့် ညနေ (၄)နာရီဝန်းကျင်တွင် ဗုံးသီး (၅)လုံး စုစုပေါင်း ဗုံးသီး (၁၅) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် အဆောက်အဦးထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရှိမှုများ ရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းနှင့်အတူ ရဲဘော်ညီနောင်ပြောက်ကျားတပ်၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့ (မင်းခြံ)၊ NY Local PDF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Myingyan Black Tiger (ပုံဟောင်း)