မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးအင်အားစုများ၏ သတင်းထောက်လှမ်းပေးနေသည့် ရဲသတင်းပေးတဦးအား အရှင်ဖမ်းမိကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများ၏ သတင်းထောက်လှမ်းပေးနေသည့် ကျော်ထက်အောင်အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ ညနေ (၅)နာရီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် ပကဖ ၏ ကနဦး စုံစမ်းစစ်ဆေးမေးမြန်းမှုအရ ကျော်ထက်အောင်သည် မူးယစ်ဆေးဝါး ရောင်းချသူတစ်ဦး ဖြစ်ပြီး တောင်စွန်းနယ်ထိန်း ဇော်မင်းထွန်း၏ ခိုင်းစေမှုကြောင့် တော်လှန်ရေးအင်အားစုများ၏ သတင်းများကို စုံစမ်းထောက်လှန်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဲသတင်းပေးအား ကျူးလွန်ခဲ့သည့် ပြစ်မှုများအား ဆက်လက် စစ်ဆေးဖော်ထုတ်၍ ကြားကာလ စစ်သုံ့ပန်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ အသိပေးထားသည်။
#TachileikNewsAgency
Photo: ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ