မင်းတုန်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မင်းတုန်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ်(၁)စစ်ဒေသ၊ သရက်ခရိုင်အမှတ် (၄) တပ်ရင်းမှထံမှ သိရသည်။

 ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရန် နယ်မြေရှင်းလင်း လုံံခြုံရေးယူပေးနေသည့် အင်အား (၂၅)ဦးခန့်ပါရှိသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ (၅)နာရီ (၁၅) မိနစ်တွင် မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်း လမ်းပိုင်းပေါ်ရှိ သဖန်းကိုင်းကျေးရွာအနီး၌ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးခန့် သေဆုံး၍ ကျန်တပ်ဖွဲ့ဝင်များလည်း  ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သရက်ခရိုင်အမှတ်-(၄) တပ်ရင်းမှ ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသွားသူများအား သရက် ကပစ (၁၂) သို့ သယ်ယူသွားသည်ဟု သိရှိရကြောင်း သရက်ခရိုင်အမှတ် (၄) တပ်ရင်းမှ အသိပေးထားသည်။

#TachileikNewsAgency

Photo: သရက်ခရိုင်အမှတ် (၄) တပ်ရင်း