ပုလောမြို့နယ်တိုက်ပွဲတွင် စစ်မှုထမ်းထမ်းရန် အဓမ္မစုဆောင်းခံရသည့် စစ်ကောင်စီတပ်သားများ သေဆုံးနေ

ပုလောမြို့နယ်တိုက်ပွဲတွင် စစ်မှုထမ်းထမ်းရန် အဓမ္မစုဆောင်းခံရသည့် စစ်ကောင်စီတပ်သားများ သေဆုံးနေ

တနင်္သာရီတိုင်းတွင် ပုလောမြို့နယ်တွင် စစ်မှုထမ်းထမ်းရန် အဓမ္မစုဆောင်းခံရသည့် စစ်ကောင်စီတပ်သားသစ်များ တိုက်ပွဲတွင် သေဆုံးသူများကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)ထံမှ သိရသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့မှစတင်ကာ ဖြစ်ပွားနေသည့် မြိတ်-ပုလော ပြည်ထောင်စုကားလမ်းပိုင်းရှိ မီးလောင်ချောင်းရွာနှင့် ကြဲကျေးရွာကြားတိုက်ပွဲတွင် စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသည့် စစ်ကောင်စီတပ်သားသစ်(၁၀)ဦးထက်မနည်း သေဆုံးပြီး စစ်ကောင်စီတပ်က ဖြစ်သလို မြေမြှုပ်သွားကြောင်း သိရ သည်။

“ဖြစ်သလိုစွန့်ပစ် မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေ တွေ့ရတယ်။ ပြီးတော့ ကျန်ခဲ့တဲ့ကျောပိုးအိတ်တွေထဲက အချက်အလက်တွေအရ စစ်မှုထမ်းသစ်လို့ သိရတာပါဗျ။ သိရသလောက် မြိတ်အခြေစိုက် ခလရ(၁၀၁)၊ (၁၀၃)၊ ပလောက်အခြေစိုက် ခလရ (၂၈၀)က စစ်သားတွေပါ။”ဟု မြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ စစ်မှုထမ်းစစ်ကောင်စီတပ်သားများကို ရှေ့ဆုံးမှပို့ဆောင်ကာ တိုက်ပွဲအတွင်း ပို့ဆောင်နေခြင်းဖြစ်ပြီး အများစုမှာ ဧရာဝတီတိုင်းနှင့် ရှမ်းတောင်ဘက်မှ လူငယ်များသည်ဟု သိမ်းဆည်းရရှိသည့် မှတ်ပုံတင်အချက်အလက်များအရ သိရကြောင်း ၎င်းကဆက်ပြောသည်။ 

စစ်ကောင်စီတပ်သည် ၎င်းတို့ အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းသစ်များကို ရှေ့တန်းတင်ထိုးကျွေးကာ အင်အားရာချီဖြင့် ထိုးစစ်ဆင်နေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတွင် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ပြီး ပြည်သူများအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံ ထားသည်။ 

အတင်းဓမ္မစုဆောင်းခြင်းခံရသည့် လူငယ်များအနေဖြင့်လည်း လက်ရှိအခြေအနေမှ အသက်ရှင်လွတ်မြောက်ရန် စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလွှတ်မြောက်ရန်လိုပြီး စစ်ကောင်စီတပ်၏ ယူနီဖောင်းဝတ်ဆင်၍ လက်နက်ကိုင်ထားသူမှန်သမျှကို ချေမှုန်းမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီတပ်က ရှေ့တန်းတနေရာတွင် မြုပ်နှံထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)