နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲ

နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ ည(၉)နာရီဝန်းကျင်တွင် ဗုံး(၇)လုံးကြဲချရာ အဆောက်အဦးတချို့ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်၊ နောင်ချိုမြို့ပေါ် ထွေအုပ်ရုံး၊ စာရင်းရုံး၊ မြို့မရဲစခန်းနှင့် စံတော်သစ် စားသောက်ဆိုင်ဝန်းတို့ကို ဗုံး(၇)လုံး ကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။

“စံတော်သစ်စားသောက်ဆိုင်ဝန်းကတော့ လူနေတာမရှိဘူး။ ရဲစခန်းနားကျတာတော့ လူထိတယ်။ ရဲစခန်းထဲက (၅)ဦးတော့ထိတယ်။ TNLA ရဲဘော်တစ်ဦးနဲ့ အကျဉ်းသားတစ်ဦးလို့တော့ ကနဦးသိရတယ်။”ဟု ဒေသခံတစ်ဦး က Tachileik News Agency ကိုပြောသည်။

ရှမ်းမြောက်တွင် စစ်ရှုံးသွားသည့် စစ်ကောင်စီသည် ယမန်နေ့ နံနက်ပိုင်းကလည်း နောင်ချိုမြို့နယ် အင်းဖိုကျေးရွာကို လေကြောင်းမှ (၂)ကြိမ် ဗုံးကြဲချ တိုက်ခိုက်သွားသဖြင့် ရွာတစ်ခြမ်း ပျက်စီးသွားပြီး အင်းဖိုရွာကိုပင် အောက်ဆိုဘာလ (၁၆)ရက်နေ့ကလည်း ဗုံးကြဲတိုက်ခိုက်သွားသည်။

#TachileikNewsAgency

Photo: CJ