စစ်အုပ်စုထုတ် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေသော TNLA ရဲဘော်များအား ပြစ်ဒဏ်ပေး

စစ်အုပ်စုထုတ် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေသော TNLA ရဲဘော်များအား ပြစ်ဒဏ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသရှိ မွေးနေ့ပွဲပါတီတစ်ခုတွင် တားမြစ်ကန့်သတ်ထားသော စစ်အုပ်စုထုတ် မြန်မာဘီယာကို သောက်သုံးခဲ့သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)မှ တပ်ဖွဲ့ဝင်များအား အပြစ်ပေးအရေးယူထားကြောင်း TNLA ထံမှ သိရသည်။

၂၀၂၄ ခုနှစ် မေလ (၂)ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော ရဲဘော်များအား ကြိမ်ဒဏ် (၁၀)ချက်၊ အလုပ်ကြမ်း (၁)လနှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံနှင့် ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့သည်ဟု ဆိုသည်။

ထို့ပြင် TNLA အုပ်ချုပ်နယ်မြေ မြို့(၇)မြို့ နှင့် စစ်ဒေသတွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံနေသာသူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ အမြစ်ပျက် ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလှဲရန်နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းများကို ပိတ်ပင်ရန် ရည်ရွယ်ပြီး TNLAမှ စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ်၊ ဇွန်လ(၁၅)ရက်တွင် TNLAမှ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း၀ယ်စားသုံးခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ၄င်းအမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကိုတွေ့ရှိပါက အကြိမ်ကြိမ် သတိပေးမှုပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများရှေ့တွင်  ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News