မြို့သာစစ်မှုဇုန် စစ်ကောင်စီအထိုင်စခန်းမှ မိုးတောင်ရွာဘက်သို့ တပ်ကူလာသည့် စစ်ကောင်စီ ၆ ဘီးကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မြို့သာစစ်မှုဇုန် စစ်ကောင်စီအထိုင်စခန်းမှ မိုးတောင်ရွာဘက်သို့ တပ်ကူလာသည့် စစ်ကောင်စီ ၆ ဘီးကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစစ်မှုဇုန် စစ်ကောင်စီအထိုင်စခန်းမှ မိုးတောင်ရွာဘက်သို့ တပ်ကူလာသည့် စစ်ကောင်စီ (၆)ဘီးကား နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ကြောင်း Youths Of Mandalay အဖွဲ့ထံမှ သိရသည်။

မြို့သာစစ်မှုဇုန် စစ်ကောင်စီအထိုင်စခန်းမှ မိုးတောင်ရွာဘက်သို့ တပ်ကူလာသည့် စစ်ကောင်စီ (၆)ဘီးကား နှစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်တွင် ရှေ့ထွက်စိန်ပြောင်း (၂)လုံးနှင့် မိုင်း (၅)လုံးတို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း Youths Of Mandalay အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Youths Of Mandalay၊ မြင်းခြံခရိုင် တပ်ရင်း ၆၊ တပ်ခွဲ (၃)နှင့် မြင်းခြံခရိုင် တပ်ရင်း ၆၊ တပ်ခွဲ (၂) တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Youths Of Mandalay