ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်လိုက်သည့် စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ အောင်ပွဲရ ရဲဘော်များကို NUG ကာကွယ်ရေးဝန်ကြီးက သွားရောက်တွေ့ဆုံအားပေးကြောင်း ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား အောက်တိုဘာလ (၁၀)ရက်နေ့တွင် သွားရောက်တွေ့ဆုံ အားပေးခဲ့သည်ဟု သိရသည်။
ခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့အား ဝင်ရောက် စစ်ဆေးခြင်းနှင့် လက်နက်ချအညံ့ခံ ပူးပေါင်းလာသော စစ်သုံ့ပန်းများအား တွေ့ဆုံခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: National Unity Government of Myanmar