မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့မှ ဖောကားဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား လမ်းတွင် ပေပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံမှ သိရသည်။
ငါန်းဇွန်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၄၀)ခန့်ကို သယ်ဆောင်၍ မြို့သာကျေးရွာဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီ ဖောကားတစ်စီးအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေ (၃)နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ပေပါမိုင်း (၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဖောကားသည် မိုင်းကွင်းအလယ်တွင် ထိုးရပ်သွားပြီး၊ စစ်သား (၄)ဦး နေရာတွင် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
မြင်းခြံမြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ်သွားလာနေထိုင်ခြင်း မပြုရန်နှင့် ခရီးသွားကားများအနေဖြင့် ည (၉)နာရီမှ နံနက် (၄)နာရီအတွင်း မောင်းနှင်ခြင်း မပြုလုပ်ကြရန် နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo: နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ