နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးတပ်များနှင့် မြို့ရွာများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်နေသည့် စစ်ကောင်စီက ဓာတုလက်နက်ဖြင့် ခြိမ်းခြောက်မှုအန္တရာယ်အား ကာကွယ်ဟန့်တားရေးနှင့် တားဆီးပိတ်ပင်ရေး ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာ နက ယနေ့ ၂၀၂၄ခုနှစ် အောက် တိုဘာလ(၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ရုံးချုပ်၌ အောက်တိုဘာလ(၈)ရက်နေ့ မှ အောက်တိုဘာလ(၁၁)ရက်နေ့အထိကျင်းပသော OPCW ၏ (၁၀၇)ကြိမ်မြောက် Executive Council အစည်းအဝေး (EC -107)တွင် စစ်ကောင်စီက ယင်းသို့တက်ရောက်ဆွေးနွေးသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် CWC စာချုပ်၏မူဝါဒနှင့် ရည်ရွယ်ချက်များကို အပြည့်အဝလိုက်နာဆောင်ရွက်နေပြီး ဓာတုလက်နက် ကင်းစင်သည့် ကမ္ဘာကြီးဖြစ်စေရန် OPCW ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း၊ CWC စာချုပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသည်ကို အခိုင်အမာယုံကြည်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုသည်။
ထို့အပြင် OPCW မှ CWC စာချုပ်၊ Article XI အောက်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီပေးရေးအစီအစဉ်များနှင့် သင်တန်းများတွင် မြန်မာနိုင်ငံမှ ပိုမိုပူးပေါင်းပါဝင်ခွင့် ရရှိလိုကြောင်း နှင့် AI နည်းပညာ၏ စိန်ခေါ်မှုများအား OPCW Technical Secretariat အနေနှင့် သုတေသနပြုဆောင်ရွက်နေမှုကို ကြိုဆို အသိအမှတ်ပြုကြောင်း ပြောသည်ဟုလည်း သိရသည်။
ဆွေးနွေးပွဲတွင် ဓာတုလက်နက် ဖျက်သိမ်းရေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ဓာတုလက်နက်ဖြင့် ခြိမ်းခြောက်မှုအန္တရာယ်အား ကာကွယ်ဟန့်တားရေးလုပ်ငန်းများ၊ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး သဘောတူစာချုပ်၏ Article VII နှင့် Article XI တို့ အား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ၊ ဓာတုလက်နက်အသုံးပြု၍ အကြမ်းဖက်မှုအား တိုက်ဖျက်ရေးလုပ် ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ၊ CWC စာချုပ်ကို အကောင်အထည် ဖော်ရာ၌ လူသားဉာဏ်ရည်တု နည်းပညာ(AI) အား အသုံးပြုနိုင်မှုနှင့် AI ၏ စိန်ခေါ်မှုများအား OPCW Technical Secretariat အနေနှင့် သုတေသ နပြုဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် AA၊ MNDAA၊ KNLA၊ KNDF နှင့် တော်လှန်ရေးတပ်များကို ပြီးခဲ့သည့်နှစ်များက ဓာတုလက်နက် များအသုံးပြုပစ်ခတ်ခြင်းကြောင့် တော်လှန်ရေးရဲဘော်တ ချို့မူးဝေ၊ အော့အန်ခြင်းများဖြစ်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့ များက သတင်းထုတ်ပြန်ခဲ့ကြသည်။