ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အမည်ကို ဦးဆောင်နာယကအဖြစ် တာဝန်ယူခဲ့ပြီး နှုတ်ထွက်သွားသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာအ နေဖြင့် အဖွဲ့အစည်းအမည်ကို ယူသုံးနေခြင်းအား ကန့်ကွက်ကြောင်း PNLO က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် PNLO မှ နှုတ်ထွက်ပြီးနောက် PNLO-NCA-S ဟူသည့် အဖွဲ့ကိုဖွဲ့စည်းထားခြင်းကြောင့် PNLO အမည်ကို ထည့်သွင်း အသုံးပြု ခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: PNLO