ကျောက်တော်မြို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲရာ ၄ ဦးသေဆုံး ၁၆ ဦးဒဏ်ရာရ

ကျောက်တော်မြို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲရာ ၄ ဦးသေဆုံး ၁၆ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၄)ဦး သေဆုံးပြီး (၁၆)ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

“ညနေ (၄)နာရီကျော်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးက ဗုံးသီး(၂)လုံး ချသွားတာ။ ကလေးတွေတော်တော်များများ ဒဏ်ရာရသွားတယ်။ ပြိုင်စံရှား အမှုန့်ကြိတ်စက်ရုံနဲ့ ကျော်ဇာလီ အမှုန့်ကြိတ်စက်ရုံ ပျက်စီးသွားတယ်။”ဟု  ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

သေဆုံးသွားသူများမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ပြိုင်စံရှားအမှုန့်ကြိတ်စက်ပိုင်ရှင် ဦးအေးကျော်(၄၃)နှစ်၊ ပိုက်သည်ရပ်ကွက်မှ ဦးကျော်သိန်းလှ (၅၃)နှစ်၊ ရွာမရပ်ကွက်မှ ဦးမောင်ထွန်းနိုင်(၄၅)နှစ်)နှင့် အပေါက်ဝရွာမှ မသန္တာအေး (၁၈)နှစ်တို့ဖြစ်သည်ဟု သိရသည်။  

ဒဏ်ရာရသူများမှာ ကျောက်တော်မြို့ ပြိုင်စံရှားအမှုန့်ကြိတ်စက်ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ဆန်းဝေ (၄၂)နှစ်၊ မောင်ခိုင်ကျော်လင်း (၆)နှစ်၊ ကျော်ဇာလီ အမှုန့်ကြိတ်စက်ပိုင်ရှင်၏ သမီး မချိုမြတ်မော် (၈)နှစ်၊ မနန်းသွယ်ခိုင် (၁၃)နှစ်၊ မရွှေအိမ်သူ (၁၄)နှစ်၊ ဦးခင်မောင်လွင် (၅၂)နှစ်၊  ဦးထွန်းသိန်းလှ (၃၄)နှစ်၊ ဒေါ်မချေ (၄၇)နှစ်၊ ဦးဦးသန်း (၆၅)နှစ်၊ ဦးဦးကျော်ဝင်း (၅၅)နှစ်၊ မနွယ်နွယ်ခိုင် (၂၄)နှစ်၊ ဦးမောင်မောင်ချေ (၃၆)နှစ်၊ မောင်ကျော်သူအောင် (၂၆)နှစ်၊ ဒေါ်ရီရီသန်း (၄၆)နှစ်၊ ဒေါ်ဝေဝေတင် (၃၈)နှစ်နှင့် ဒေါ် မြတ်လဲ့လဲ့ငုံ (၃၅)နှစ်တို့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Arakan princess media