မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပြည်သူ့စစ်ရွာမှ ကင်းပတ်ထွက်လာသည့် ရဲတပ်သားတဦးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိကြောင်း မြိုင်ပကဖအဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အနောက်ဘုန်းကံပြည်သူ့စစ်ရွာအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အနီးကပ်ချောင်းမြောင်းချိန်တွင် ကင်းပတ်ထွက်လာသည့် ရဲတပ်သား အာကာဖြိုးအား အောက်တိုဘာလ (၉)ရက်နေ့ နေ့လယ် (၁၂)နာရီတွင် ဝိုင်းဝန်းပိတ်ဆို့၍ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်သားအား ဖမ်းဆီးစဉ် ၎င်းနှင့်အတူ G3 သေနတ် (၁)လက်၊ ၎င်းကျည် (၂၀၃)တောင့်၊ ကာဘိုင်ကျည် (၂၀၈)တောင့်၊ ကာဘိုင်ကျည်ဘောက် (၄) ဘောက်၊ AK ကျည် (၁၆)တောင့်၊ 4.8 ကျည်အမျိုးအစား (၁၄)တောင့်၊ ၅.၅၆ ကျည် (၁၉၃) တောင့်နှင့် လက်ပစ်ဗုံး (၂)လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိတ်ဆို့ဖမ်းဆီးမှုအား မြိုင်ပကဖ နှင့် PKU Thurain အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မြိုင်-ပကဖ