တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း BWM အဖွဲ့ထုတ်ပြန်

တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း BWM အဖွဲ့ထုတ်ပြန်

ပဲခူးတိုင်း တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး (၅)လုံးဖြင့် ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ကြောင်း Brave Warriors for Myanmar(BWM)အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေသော စစ်ကောင်စီတပ်စခန်းများအား အမိန့်ပေးကွပ်ကဲနေသည့် အဓိကတိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည့်အပြင် လက်ရှိတွင် Drone အစင်း(၁၀၀)လည်း စစ်ဌာနချုပ်အတွင်းသို့ ရောက်ရှိနေကြောင်းသိရသဖြင့် တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 



 

တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်ရုံးခေါင်မိုးပွင့်ပြီး အခြားအဆင့် (၃)ဦးသေဆုံးကာ တပ်ရေးဗိုလ်ကြီးတစ်ဦး ဒဏ်ရာရှိသည့်အပြင် ကင်းတဲပွင့်၍ စစ်ကောင်စီတပ်သား တစ်ဦးလည်းသေဆုံးပြီး အရာရှိနေအိမ်လိုင်းခန်းထိမှန်ပြီး အရာရှိ(၃)ဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်အရ သိရပြီး Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:Brave Warriors for Myanmar