ဘီးလင်းမြို့နယ်တွင် ရဲပြုတ်တစ်ဦးပစ်ခတ်ခံရ

ဘီးလင်းမြို့နယ်တွင် ရဲပြုတ်တစ်ဦးပစ်ခတ်ခံရ

မွန်ပြည်နယ် ဘီလင်းမြို့နယ်တွင် ရဲတပ်ဖွဲ့မှ ထုတ်ခံထားရသည့် သတင်းပေးတစ်ဦး ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၃)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း Kyaikhto Revolution Force ထံမှ သိရသည်။

ဘီးလင်းမြို့နယ် ရွာကြီးတောင်ပိုင်းနေ ရဲပြုတ် သက်လွင်ဦး ဆိုသူကို KRF နှင့် ပကဖ တို့ပူးပေါင်းပြီး ဇုတ်သုတ် ဆင်မင်းဘုရားနှင့် တိုက်နယ်ဆေးရုံကြား၌ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းကိုစုံစမ်းပြီး စစ်တပ်နဲ့ ရဲကို သတင်းပေးတဲ့ ဒလန်အကြီးစားရယ်၊ ပြည်သူတွေကို ပါဝါအာဏာတွေနဲ့ ခြိမ်းခြောက်တာရယ်၊ စစ်မှုထမ်းဖို့ လူငယ်တွေရဲ့ စာရင်းကို စကစနဲ့ရဲကို ပို့ပေးနေတာတွေရယ်ကြောင့် ရှင်းလင်းတာပါ။"ဟု KRF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပစ်ခတ်မှုကြောင့် သက်လွင်ဦးသည်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကာ ၎င်းထံမှ လက်ပစ်ဗုံး(၂)လုံးနှင့် ငွေကျပ်(၁၅၀၀)နှင့် အိတ်တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Kyaikhto Revolution Force