ကောလင်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် လက်နက်ထုတ်လုပ်သည့်နေရာဟုဝါဒဖြန့်

ကောလင်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် လက်နက်ထုတ်လုပ်သည့်နေရာဟုဝါဒဖြန့်

စစ်ကိုင်းတိုင်း ကောလင်းမြို့အနောက်ခြမ်း ဥက္ကံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် လက်နက်ထုတ်လုပ်ရေးစခန်းဟု ဝါဒဖြန့်ကြောင်း ကောလင်းခရိုင် အမှတ်(၂)တပ်ရင်းထံမှ သိရသည်။

 ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က အဆိုပါနေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီလော်ဘီများက တော်လှန်ရေးတပ်များ၏ လက်နက်ထုတ်လုပ်သော နေရာများဟု ရေးသားဖေါ်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့ လေကြောင်းတိုက်ခိုက်ခဲ့သော နေရာများမှာ ကားဝပ်ရှော့၊ ကုန်မျိုးစုံဆိုင်နှင့် အရပ်သားလူနေအိမ်များဖြစ်သည်ဟု ဆိုသည်။ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာခံအမျိုးသမီး(၂)ဦး၊ စစ်ရှောင် အမျိုးသား(၃)ဦး၊ စျေးဝယ် အမျိုးသား(၂)ဦး စုစုပေါင်း (၇)ဦးသေဆုံးခဲ့ရပြီး ပြင်းထန်ဒဏ်ရာရ အမျိုးသမီး(၂)ဦးမှာ စိုးရိမ်ရပြီး (၁၅)ဦးခန့်အနည်းငယ်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ကောလင်းခရိုင်တပ်ရင်း၂