စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ချောင်းနားတိုက်နယ် ဥက္ကံကျေးရွာအနီး အိုင်ကြီးလမ်းခွဲဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသူရွာသား (၆)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၂)နာရီ ဝန်းကျင်အချိန်က ဂျက်ဖိုက်တာ (၂)စီးဖြင့် ရောက်ရှိလာပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံများ၏ နေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသူ ရွာသား (၆)ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသလို ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်၊
သေဆုံးသူ (၆)ဦးမှာ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး (၂)ဦး ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ လူမဆန်စွာ ယခုလို ကျေးရွာနေ ပြည်သူများ၏ နေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အဆိုပါ ရွာနှင့်အနီးနားရွာများမှ ပြည်သူများသည် စိုးရိမ်ထိတ်လန့်နေကြ၍ ကျေးရွာအတွင်း မနေထိုင်ရဲတော့ဘဲ တိမ်းရှောင် နေကြကြောင်း သိရသည်။
ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသူရွာသား (၆)ဦး သေဆုံး
Featured News
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024
အောက်တိုဘာ 3, 2024
အောက်တိုဘာ 3, 2024